2009 Survey and 2008 Survey Result

၂၀၀၉ ခုနှစ်ဖို့ ၀ိညာဉ်သစ်ဆိုဒ်လေးရဲ့ စစ်တမ်းလေးတွေကို ၀ိုင်ပြီး ဖြေပေးကြပါအုန်း …

ဒီနေရာလေးမှာ သွားရောက်ဖြေနိုင်ပါတယ်။

၂၀၀၉ ခုနှစ်ရဲ့ အရာများကို အောက်က more ဆိုတဲ့ခလုတ်နှိပ်ပြီး ကြည့်လိုက်ပါ။

၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ခဲ့တဲ့ Survey ကို Dec 2009 မှာအဆုံးသတ်လိုက်ပါတယ်။ စုစုပေါင်း ၈၅ ပါဝင်ပြီး ဖြေဆိုသွားကြပါတယ်။ အချိန်ကုန်ခံပြီး ဖြေဆိုပေးတဲ့ စာပေချစ်သူတွေကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာကနေပြောကြားလိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခု result များကို ပြန်ပြောရာမှ လူတစ်ဦးချင်းစီနာမည်နဲ့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖော်ပြသွားမှာမဟုတ်ပါဘူး။

အသက်

အသက်အရွယ်အရဆိုရင်တော့ အသက် ၁၇ နှစ်ကနေ စပြီး ၄၅ နှစ်လောက်ရှိတဲ့ စာဖတ်ပရိသတ်တွေက အများဆုံးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ကွန်ပြူတာ အင်တာနက်တွေနဲ့ ပိုပြီး အကျွမ်းတ၀င်ရှိတဲ့ အသက် ၁၇ ကနေ ၂၅ အရွယ်ရဲ့ စာဖတ်နှုန်းက ၃၈% အထိရှိခဲ့ပါတယ်။

လက်ရှိဆိုဒ်အပေါ်အမြင်

Rating 1 to 5 ပေးထားရာမှာ ၅၀% က ၅ ပေးပြီး  .. မကောင်းတဲ့ဘက်ကို မြင်ခဲ့တာ တစ်ခုမှ မရှိတဲ့ အတွက် ကျွန်တော်တို့ တော်တော်ဝမ်းသာခဲ့ရပါတယ်။

အခက်အခဲများ

အောက်မှာပြထားတဲ့ graph က မြန်မာလိုရေးတာ အခက်အခဲနည်းနည်းရှိနေပါတယ်။ ဒါပေမယ့် ညာဘက်က ရာခိုင်နှုန်းတွေကိုကြည့်ရင် .. ဒေါင်းလုပ်ချတဲ့ ပြသာနာနဲ့ loading ပြသာနာတွေက အဓိက ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဆိုဒ်ကြာချိန်ကို လျော့ချဖို့အတွက် ကိုယ်ပိုင် hosting တစ်ခုဝယ်လိုက်ရပါတယ်။ ခုနောက်ပိုင်းတော့ ကြာတယ်ဆိုတဲ့ အသံတော့သိပ်မကြားရတော့ပါဘူး။ အဲဒေါင်းလုပ်ပြသာနာကတော့ ကျွန်တော်တို့ ခုချိန်ထိ အဆင်မပြေသေးပါဘူး။ ၀ိညာဉ်သစ်ရဲ့ စာအုပ်တော်တော်များများက Scribd ဆိုတဲ့ third party hosting ဆိုဒ်ကဆိုတော့ ဒေါင်းလုပ်လစ်မစ် ကန့်သတ်တာတွေ၊ အဲဒီဆိုဒ်က ဘမ်းခံထားရတာတွေကတော့ ကျွန်တော်တို့လည်းဘာမှမတတ်နိုင်ပါဘူး။ ကျွန်တော်တို့လည်း နောက်ထပ် Scribd လိုမျိုးဆိုဒ်မျိုးကို ရှာနေပါတယ်။ အကယ်လို့သိရင်လည်း လမ်းညွှန်ပေးကြပါ။

လက်ရှိဒီဇိုင်းကိုဘယ်လိုမြင်လဲ ..

ကျွန်တော်တို့ရဲ့ ဒီဇိုင်းတွေကို မကြိုက်သူမရှိဘူးတဲ့ .. (သိပ်တော့မယုံ :P ) အဲဒီတုန်းက အနီရောင် theme နဲ့ပါ။ ဒါပေမယ့် အဲဒီ theme က မဟုတ်တာတွေပါနေတော့ phishing website လုပ်တယ်ဆိုပြီး hosting က ပိတ်လိုက်တော့ theme ကို ချိန်းလိုက်ရတယ်။ ခုလည်း တနေ့ကပဲ နောက်တစ်ခုချိန်းပြန်ပြီ။

ဒိုမိန်း

အစက ကျွန်တော်တို့ဆိုဒ်က weenyinthit.iblogger.com နဲ့ပါ။ ဒိုမိန်းပြောင်းသင့်တယ်လို့ အကြံပေးတဲ့သူတွေ ပိုများလို့ ဒိုမိန်းတစ်ခုဝယ်လိုက်ပါတယ်။ အဲဒီတုန်းက weenyinthit.com ကိုဝယ်မယ်လုပ်တာ .. တကယ်ဝယ်မယ်အချိန်ကြတော့ တစ်ယောက်ယောက်က ကြားဖြတ်ဝယ်သွားတယ်။ ဒါနဲ့ wntbookshefl.com ဆိုပြီးဖြစ်သွားရကြောင်းပါ။ ဒိုမိန်းနဲ့ပတ်သက်တဲ့ ဆာဗေးအဖြေတွေကို အောက်မှာပြထားပါတယ်။

ဘာစာအုပ်တွေတင်သင့်လဲ ..။

ခုနှစ်ဆယ်ရာခိုင်နှုန်းက  ဗဟုသုတစာအုပ်တွေများများဖတ်ပေမယ့် ကျွန်တော်တို့ ဗဟုသုတပိုင်းဆိုင်ရာစာအုပ်တွေကို တင်တဲ့နှုန်းက လိုအပ်တာထက်ပိုနည်းခဲ့ပါတယ်။ အထူသဖြင့် အမျိုးသားနဲ့ အမျိုးသမိး စာရေးဆရာများရဲ့ လုံးချင်းဝတ္ထုတွေတင်တာပိုများခဲ့တယ်။ စာပေချစ်သူ ၈၅ ယောက်က ဖတ်ချင်တဲ့ စာအုပ်များတော့အောက်ပါပုံအတွင်းဖြစ်ပါတယ်။ ဒ

ဒီနှစ်ဖို့ကတော့ ဒီလောပ်ပါပဲ။ နောက်နှစ်အတွက်လည်း user survey လေးတွေ ဖြေပေးကြပါအုန်း။

VN:F [1.9.1_1087]
Rating: 10.0/10 (4 votes cast)
VN:F [1.9.1_1087]
Rating: +1 (from 1 vote)
2009 Survey and 2008 Survey Result , 10.0 out of 10 based on 4 ratings

Popularity: 1% [?]

No related posts.

About the Author