စာရေးဆရာမ မစန္ဒာရဲ့ စာအုပ်လေးတွေစုစည်းပြီးတင်ပေးလိုက်ပါတယ်။ မြန်မာဝီကီမှာ ရေးထားတဲ့ ဆရာမရဲ့ စွမ်းဆောင်မူတွေက “၁၉၉၄ ခုနှစ်က ရေးသားခဲ့သော “ဘဝ အိပ်မက် ပန်းအိပ်မက်” ဖြင့် အမျိုးသား စာပေ ဝတ္ထုရှည်ဆု၊ မဂ္ဂဇင်း ဝတ္ထုတိုများ (၃) ဖြင့် ၁၉၉၉ ခုနှစ် အတွက် အမျိုးသား စာပေ ဝတ္ထုတိုဆု ရရှိခဲ့သည်။ လုံးချင်း ဝတ္ထု ၁၃ အုပ် အနက် ၁ဝ အုပ်ကို ရုပ်ရှင် အဖြစ် ရိုက်ကူးခဲ့ပြီး ဖြစ်ပါသည်။”
ဆရာမရဲ့ ကိုယ်ရေး အကျဉ်းချုပ် ( Wiki Myanmar Edition, Myanmar Bookshop Edition )
စာအုပ်တွေဖတ်ပြီးရင်လည်း နောက်ဖတ်တဲ့သူတွေ အကျိုးရှိအောင် ဘယ်စာအုပ်ဖတ်လို့ကောင်းတယ်..ဘယ်စာအုပ်ကဖြင့်ဘယ်လိုဆိုတဲ့ ကော့မန့်လေးများချန်ထားပေးဖို့ မေတ္တာရပ်ခံပါတယ်။
|
||
တချို့စာအုပ်တွေက ၀င်းအင်းဝဖောင့်နဲ့ ရေးထားတဲ့အတွက် ၀င်းအင်းဝဖောင့်မရှိရင်ဖတ်လို့ရမှာမဟုတ်ပါဘူး
Credit to :
- လင်းထက်ဖိုရမ်
- မြန်မာကျူးပစ်ဒ်
- စကားဝါမြေ
အီမေလ်းဖြင့်စာအုပ်များကို ရှယ်ယာလုပ်ပေးသော မသီရီကိုလည်းကျေးဇူးတင်ပါတယ်။
စာအုပ်လေးတွေဖတ်ပြီးဘ၀အမောပြေနိုင်ကြပါစေ။
Popularity: 31% [?]
Related posts:

























ဆရာမရဲ့ဘဝ အိပ်မက် ပန်းအိပ်မက်.. ပာာအလွန်ဖတ်လို့ကောင်းပါတယ်
စမ်းချောင်းဦးဖီးလမ်းမှဝင်တာမီယာ တိုက်ခန်းထဲမှဇာတ်ကောင်စရိုက်တွေကိုပေါင်းလိုက်တဲ့အခါမှာတော့
ဖတ်လေဖတ်လေဖတ်မပြေစာအုပ်လေးဖြစ်လာပါတယ်
ဆရာမ မစနဿဒာရဲ့ဝတဿထုတိုတွေက ဖတ်တဲ့အခာ ခံစားချက်နှစ်မျိုးပေးနိုင်တယ်လို့ ထင်ပာတယ်။ တစ်မျိုးက ခေတ်ကာလ ကွာခြားလွန်းတဲ့အတွက် တစ်ထောင့်တစ်ညလိုမျိုး ပုံပြင်ဆန်တဲ့ခံစားချက်ရယ် နောက်တစ်မျိုးက ပတ်ဝန်းကျင်မှာ အမြဲထိတွေ့နိုင်တဲ့ လူ့ဘဝ၊ လူ့သဘာဝ တွေကို ကောင်းကောင်းခံစားရတာတွေပာ။ တစ်ချို့စာတွေရဲ့ ဆိုလိုရင်းက တစ်မျိုးဖြစ်နေပေမဲ့ မကောင်းဘူးလို့ ဘယ်လိုမှပြောမရနိုင်တဲ့ စာရတနာတွေပာ။
Han
ဘာလို့လဲမသိဘူး ငါတန်းမှာ ၀တ္ထုတိုများ တစ်ကို ဖတ်ဖူးပြီးကတည်းက မစန္ဒာဆိုတဲ့ စာမြင်ရင် မဖတ်ဘဲဘယ်လိုမှမနေနိုင်တော့ဘူး။ ထွက်ပြီးသမျှလည်း အကုန်ဖတ်ဖူးပြီးပါပြီ။ ဂျိမ်းဂျိမ်းဂျုတ်ဂျုတ် နဲ့ မစပ်သောငရုတ်ကလွဲရင် ကျန်တာတွေအကုန် အနည်းဆုံး အခေါက်သုံးဆယ်လောက်ပြန်ဖတ်မိတယ်။ ကွက်လပ်ကလေးဖြည့်ပေးပါတို့ အရိပ်တို့ ဆဌဂံတို့ဆို ခြောက်ဆယ်လောက်တောင် ရှိမယ်ထင်တယ်။ မစန္ဒာနဲ့ပတ်သက်ပြီး အကြိုက်ဆုံးက မြန်မာပြည်ရဲ့ အလှအပနဲ့ မြန်မာ့သဘာဝကို ရှင်းရှင်းလင်းလင်း အရေးအသားနဲ့ရေးတယ်။ နောက်ပြီး စိတ်ညစ်စရာအကွက်တွေရေးရင်တောင် ဖတ်တဲ့သူမမောရဘဲ ပြုံးချင်စရာဖြစ်အောင်၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကို နှစ်နှစ်ကာကာချစ်တတ်အောင် ဆွဲဆောင်တတ်တယ်။ တကယ်သဘောကျပါတယ်။ နေ့အိပ်မက်မသေခင် မစန္ဒာနဲ့တွေ့ပြီး စကားပြောချင်သေးတယ်။
ငါးတန်း(ပဉ္စမတန်း)လို့ ပြောတာ ငါတန်းဖြစ်သွားတယ်
Hello
After downloading the pdf files or looking at google documents, I only saw incorrect letters (rubbish). Please let me know how to setup to read Myanmar text properly in pdf files. Please help.
Thanks.