စာအုပ်လေးတွေကို ဘယ်လိုဒေါင်းလုပ်ချမလဲ
ကျွန်တော်စာအုပ်စင်မှာ စာအုပ်တွေကို နေရာနှစ်ခုမှာတင်ထားပါတယ်။ တစ်ခုက pdf ဖိုင်နဲ့ဖြစ်ပြီး .. နောက်တစ်ခုကတော့ flash version အနေနဲ့ scribd မှာတင်ပေးထားပါတယ်။ pdf ဖိုင်ကို ဒေါင်းလုပ်ချနည်းကတော့ အားလုံးသိပြီးသားဖြစ်နေတဲ့ အတွက် မရှင်းပြတော့ပါဘူး..။ အခု flash version နဲ့တင်ထားတဲ့ scribe ကဖိုင်တွေကို ဒေါင်းလုပ်ချပုံကို အသေးစိတ်ရှင်းပြသွားပါမယ်။
ပထမဆုံးအနေနဲ့ Scribe အကြောင်းရှင်းပြလိုပါတယ်။ scribe က ၀ိညာဉ်သစ်နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ third party hosting ဆိုဒ်တစ်ခုဖြစ်ပါတယ်။ youtube တို့ mediafire တို့လိုမျိုး မိမိဖိုင်တွေကို upload လုပ်ပြီး တခြားသူတွေကို ရှယ်လိုရအောင် ၀န်ဆောင်မူပေးတဲ့ဆိုဒ်တစ်ခုဖြစ်ပါတယ်။ သူရဲ့ ထူးခြားချက်ကတော့ စာအုပ်၊စာတမ်းတွေပဲ upload တင်ခွင့်ပေးပြီး .. တင်ထားတဲ့စာအုပ်တွေကို flash version အနေနဲ့ ပြောင်းလိုက်တော့ pdf ထက်မြန်မြန်ဆန်ဆန်ဖွင့် နိုင်ပြီး အလွယ်တကူ ဖတ်ရှူနိုင်ပါတယ်။
သတိပြုရန်မှာ ..
- SCRIBD မှာဒေါင်းလုပ်လစ်မစ်ရှိတဲ့ အတွက် စာအုပ်အများကြီးကို ဒေါင်းလုပ်ချခွင့်မပေးပါဘူး။ ပြီးတော့ စာအုပ်တစ်အုပ်တည်းကို လူအများကြီးက ၀ိုင်းပြီး ဒေါင်းလုပ်ချရင် လည်း လစ်မစ်ပြည့်ပြီ ဆိုပြီး ဒေါင်းလုပ်ချခွင့်မပေးတော့ပါ။ (နောက်ရက် ဒေါင်းလုပ်ချပါကရပါသည်)
- Access Denied ဆိုပြီး သင့်ရဲ့ ဘောက်ဇာမှာ ပေါ်လာရင်တော့ ကျွန်တော်လည်းကူညီလိုမရတော့ပါဘူး။ သင်သုံးနေတဲ့ အင်တာနက်ဆားဗစ်က Scribd ကို ဘမ်းထားခြင်းကြောင့်ဖြစ်ပါတယ်။
- သင့်အနေနဲ့ Flash plug-in တစ်ခု bowser မှာရှိဖို့လိုအပ်ပါတယ်။ အကယ်လို လိုအပ်တဲ့ အထောက်အကူပြုဆော့ဝဲတွေမရှိရင် စာအုပ်ကို ဖွင့်လိုက်တာနဲ့ သင့်ကို ဒေါင်းလုပ်ချခိုင်းပါလိမ့်မယ်။ ဒေါင်းလုပ်ချပြီးရင် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
ကဲဒေါင်းလုပ်လုပ်တာစရအောင်…………..
( ၁ ) ပထမဆုံးအနေနဲ့ “ဖိုးကျော့ရဲ့ဆင်င်္သချိုင်းရှာပုံတော်နှင့် အခြားဝတ္ထုတိုများ” ဆိုတဲ့စာအုပ်လေးကို ဒေါင်းလုပ်ချရအောင်… ကျွန်တော်ရဲ့ ၀က်ဆိုဒ်မှာရှိတဲ့ ဖိုးကျော့စာအုပ်လင်ခ့်အပေါ်ကို ကလစ်နိုပ်ချလိုက်ပါတယ်။
( ၂ ) အဲဒီအချိန်မှာ အောက်ဖော်ပြပါပုံအတိုင်း full screen flash version ဖိုးကျော့ရဲ့ စာအုပ်ပေါ်လာပါတယ်။ More ဆိုတဲ့ icon လေးအပေါ်ကို ကလစ်နှိပ်ပြီး save ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ …
( ၃ ) ဒီအဆင့်မှာ ဒေါင်းလုပ်ချတဲ့ သူတွေဒုက္ခရောက်တာများပါတယ်။ သင် save ဆိုတဲ့ ခလုတ်ကို နှိပ်ပြီးရင် Scribd က သင့်ကို စာအုပ်ဒေါင်းလုပ်ချရန် သူဆိုဒ်မှာ log-in လုပ်ခိုင်းပါလိမ့်မယ်။ သင့်အနေနဲ့ စာအုပ်တွေကို ဒေါင်းလုပ်ချဖို့ scribd မှာ အကောင့်တစ်ခုရှိဖို့လိုအပ်ပါတယ်။ (အဲဒီအကောင့်က ၀ိညာဉ်သစ် ၀က်ဆိုဒ်က users အကောင့် မဟုတ်တာ သတိပြုပါ) user အကောင့် ရှိပြီးသားသူတွေကတော့ အကောင့်နာမည်နဲ့ စကားဝှက်ထည့်ပြီး နောက်တဆင့်သွားနိုင်ပါပြီ။ မရှိသေးသူများအနေနဲ့ free register လုပ်နိုင်ပါတယ်။
( ၄ ) log-in (သို့) register လုပ်ပြီးသွားရင် အောက်ပါပုံအတိုင်း ဒေါင်းလုပ်ချတဲ့ window လေးတက်လာပါလိမ့်မယ်။ စာအုပ်လေးကို သင်လိုချင်တဲ့ နေရာကို ဒေါင်းလုပ်ချထားလို့ရပါပြီ။
scribd က youtube လိုမျိုး စာအုပ်တွေကို ကြိုက်တဲ့user တွေတင်ခွင့်ပေးတဲ့ဆိုဒ်မျိုးပါ။ အဲဒီမှာက ဒေါင်းလုပ်ချရတာ အဆင်မပြေကြဘူးလို့ တော်တော်များများကပြောကြတယ်။ အောက်မှာ ဒေါင်းလုပ်ချနည်းကို လေ့လာလိုက်ပါ။
အားလုံးအဆင်ပြေမယ်လိုမျှော်လင့်ပါတယ်။
တစ်စုံတစ်ခု အခက်အခဲရှိခဲ့ရင် help@wntbookshelf.com သို့ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
အထူးသတိပြုရန်: မုရင်းစာရေးဆရာများအား လေးစားသောအားဖြင့် ဒေါင်းလုပ်ချထားသော စာအုပ်များအား ငွေကြေး (သို့) အခြားတန်ဖိုးတစ်ခုခုဖြင့် ရောင်းချခြင်း၊ ငှားရမ်းခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ပါရန် ပန်ကြားအပ်ပါတယ်။
Popularity: 9% [?]








ကျေးဇူးတင်ပါတယ်ခင်ဗျာ။ စာအုပ်တွေအများကြီးဖတ်ရလို့ပါ၊ ရှားပါးစာအုပ်တွေလည်းရှာတင်ပေးပါဦး။
Thanks a lot for those many books…
Move on ……
That site is my warmly fri….
thank you very much for all
ခုလို စာအုပ်တွေဖတ်ရတဲ့အတွက် ကျေးဇူးပါ
Thanks a million for sharing Myanmar books. I am so delighted to search for knowledge in my own language. I do appreciate it.
thanks any way
ကျေးဇူးတင်ပါတယ် စာအုပ်တွေဒေါင်းလို့မရပါ ကုညီပေးပါအုံး
စံစံစံခ on Tue,9th Dec 2009
i woul’d like to say thank u for sharing myanmar books as much as u can do. it’s great .
Tue,9th Dec 2009
i woul’d like to say thank u for sharing myanmar books as much as u can do. it’s great .
ကောင်းပါတယ်