fireshot(screen capture tool) for firefox bowser
mozilla fire fox 3 ထွက်လာပါပြီ။ ကျွန်တော်သုံးခဲ့သမျှ bowser တွေထဲမှာတော့ firefox ကအမြန်ဆုံးနဲ့ သုံးလို့ အကောင်းဆုံးပါပဲ။ ဘာကြောင့် ဒီbowser ကောင်းတာလဲ ဘာတွေထူးခြားလိုလဲဆိုရင်တော့ firefox မှာမိမိစိတ်ကြိုက် customize လုပ်လို့ရတာလည်း တစ်ခုအပါအ၀င်ဖြစ်မှာပါ။ မိမိရဲ့ bowser ကို add-ons အမျိုးမျိုး theme အမျိုးမျိုးနဲ့ ဒီဇိုင်းစင်တာလေးတွေက စိတ်ဝင်စားဖို့ကောင်းသလို ပျော်ဖို့လည်း ကောင်းပါတယ်။ ကျွန်တော်သုံးဖြစ်တဲ့ firefox addons လေးတွေကို မိတ်ဆွေတို့သုံးဖို့ပန်လည်ဝေမျှပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ screen capture tool လေးတစ်ခုဖြစ်တဲ့ fireshot ဆိုတဲ့ဟာလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒါလေးကတော့ blog လုပ်တဲ့ညီအကိုမောင်နှမများအကြိုက်တွေ့မှာပါ။ မိမိဖွင့်ထားတဲ့ internet page ကြီးကို screen shot ရိုက်ပေးနိုင်ပါတယ်။ ပြီးတော့ လိုအပ်သလိုပြင်ဆင်နိုင်ပါတယ်။ tutorial လုပ်လိုသူတွေအနေနဲ့လည်း စာတမ်းထိုးခြင်း လိုချင်သောအပိုင်းဖြတ်ခြင်းများကို လုပ်နိုင်ပါတယ်။ ဒါလောက်ပဲလားဆိုတော့ မဟုတ်ဘူးဗျ… တခြားဟာတွေနဲ့မတူတာက သင်ပြင်ဆင်ထားတဲ့ ပုံကို တခါတည်း upload လုပ်ပြီး လင်ခ့် html အနေနဲ့ယူနိုင်ပါတယ်။ uplode တခါတည်းပေးတာက တော်တော်အဆင်ပြေပါတယ်။
(ဒီမှာကျွန်တော်အစမ်း screen shot ရိုက်တာကို တင်ထားတဲ့ဟာပါ)
ဒေါင်းလုပ်လုပ်ဖို့လား…။
FireShot 0.50
firefox bowser သုံးဖို့မမေ့နဲ့နော်။
ဒီကောင်လေး install လုပ်ပြီးရင် firefox ကို restart ချပေးလိုက်ပါ။
သူအကြောင်းအပြည့်အစုံရှင်းလင်းချက်ပါ။


Popularity: 1% [?]




