Archive for the ‘ Uncategorized ’ Category

ဝမ်းနည်းမှတ်တမ်း – ဆရာ နီကိုရဲ ကွယ်လွန်

ကျွန်တော်စာအုပ်စင်မှာ ဒီလိုမျိုးပိုစ့်တွေတင်ကို မတင်ချင်တာပါ။ နီကိုရဲဆိုတာကို သိကြားနဲ့အသူရာဆိုတဲ့ စာအုပ်လေးဖတ်ပြီးထဲက သူထွက်သမျှစာအုပ်တွေကို စွဲစွဲလမ်းလမ်းနဲ့ ဖတ်လာခဲ့တာပါ။ အရမ်းပေါ့ပါးတဲ့ အရေးအသားနဲ့ ကျွန်တော်တို့ ခေတ်နဲ့တစ်သားတည်းကျနေတဲ့ သူရဲ့ ရေးဟန်တွေက စာဖတ်ပရိသတ်တွေကြားမှာ နာမည်တစ်လုံးရခဲ့ပါတယ်။ အခုတော့ သူစာအုပ်တွေ နောက်ထပ်ဖတ်ခွင့်မရနိုင်အောင် သူနှုတ်ဆက်သွားပြန်ပြီ။ အောက်ပါ သတင်းကတော့ ဧရာဝတီ မှာဖော်ပြထားတဲ့ နာရေးသတင်းလေးပါ။ ထင်ရှားသော စာရေးဆရာ တဦးဖြစ်သည့် နီကိုရဲ (ခ) ကိုရဲဝင်း သည် သောကြာနေ့ည ၁၂ နာရီခန့်က နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။ စာရေးဆရာ နီကိုရဲ (ခ) ကိုရဲဝင်း ကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး သူ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လာမည့် ၂၇ ရက်နေ့ တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားသည်ဟု စာပေအသိုင်းအ၀ိုင်းက ဆိုသည်။ “သူက [ READ MORE ]

Volunteers Wanted

ဝိညာဉ်သစ် စာအုပ်စင်မှ ဘာသာရေးနဲ့ သက်ဆိုင်သော ဆိုဒ်အခွဲလေးများ ပြုလုပ်လိုပါသဖြင့် ၀င်ရောက်ရေးသားလိုသော် မိတ်ဆွေများအား ဖိတ်ခေါ်ပါတယ်။ ကျွန်တော်အနေနဲ့ ကတော့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ လင်ခ့်တွေကို စုစည်းပေးတဲ့ ဆိုဒ်လေးတွေလုပ်ချင်တယ်ဗျာ။ ဒါပေမယ့် ကျွန်တော်လည်း ကျွန်တော်ဘာသာမဟုတ်တဲ့  တခြားဘာသာတွေ အကြောင်းမသိပဲမရေးချင်ဘူး။ အဲဒီတော့ အစ္စလာမ်ဘာသာ၊ ဗုဒ္ခဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ ဟိန္ဒူ ဘာသာဝင်များထဲမှ စိတ်ပါဝင်စားသူများ ကျွန်တော်တို့ထံဆက်သွယ်ကြပါ။ wordpress ကို အကျွမ်းတ၀င်ရှိသူများ ကူုညီပေးကြပါရန် ဖိတ်ခေါ်ပါတယ်။ကျွန်တော်တို့ ဆိုဒ်တွင် ပါဝင်ရေးသားလိုသူများအနေနဲ့ အောက်တွင် ကော့မန့်ချန်၍့ ဖြစ်စေ၊ weenyinthit@gmail.com သို့ အီးမေလ်းပေးပို့၍ ဖြစ်စေဆက်သွယ်နိုင်ပါပြ အခြား ၀င်ရောက်မရေးသားနိုင်သော ညီအကို မောင်နှမများ အနေနဲ့လည်း မိမိတို့သိသော ဘာသာရေးနှင့်သက်ဆိုင်သော လင်ခ့်များကို ကော့မန့်ချန်ပြီး ရှယ်ယာလုပ်ကြပါ။ိ [ READ MORE ]

စာအုပ်တွေဒေါင်းလုပ်ချရအောင်..။

စာအုပ်လေးတွေကို ဘယ်လိုဒေါင်းလုပ်ချမလဲ ကျွန်တော်စာအုပ်စင်မှာ စာအုပ်တွေကို နေရာနှစ်ခုမှာတင်ထားပါတယ်။ တစ်ခုက pdf ဖိုင်နဲ့ဖြစ်ပြီး .. နောက်တစ်ခုကတော့ flash version အနေနဲ့ scribd မှာတင်ပေးထားပါတယ်။ pdf ဖိုင်ကို ဒေါင်းလုပ်ချနည်းကတော့ အားလုံးသိပြီးသားဖြစ်နေတဲ့ အတွက် မရှင်းပြတော့ပါဘူး..။ အခု flash version နဲ့တင်ထားတဲ့ scribe ကဖိုင်တွေကို ဒေါင်းလုပ်ချပုံကို အသေးစိတ်ရှင်းပြသွားပါမယ်။ ပထမဆုံးအနေနဲ့ Scribe အကြောင်းရှင်းပြလိုပါတယ်။ scribe က ၀ိညာဉ်သစ်နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ third party hosting ဆိုဒ်တစ်ခုဖြစ်ပါတယ်။ youtube တို့ mediafire တို့လိုမျိုး မိမိဖိုင်တွေကို upload လုပ်ပြီး တခြားသူတွေကို ရှယ်လိုရအောင် ၀န်ဆောင်မူပေးတဲ့ဆိုဒ်တစ်ခုဖြစ်ပါတယ်။ သူရဲ့ ထူးခြားချက်ကတော့ စာအုပ်၊စာတမ်းတွေပဲ upload တင်ခွင့်ပေးပြီး .. တင်ထားတဲ့စာအုပ်တွေကို [ READ MORE ]

မူရင်းစာရေးဆရာများ နှင့် သက်ဆိုင်သူများထံသို့

ကျွန်တော်တို့ရဲ့ ၀ိညာဉ်သစ် စာအုပ်စင်လေးက အနယ်နယ်အရပ်အရပ်မှာ ရှိတဲ့ စာပေငတ်နေတဲ့ မြန်မာစာအုပ်ချစ်သူတွေဖို့ အွန်လိုင်းစာကြည့်တိုက်တစ်ခုအနေနဲ့ တည်ထောင်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ၀ိညာဉ်သစ် စာအုပ်စင်လေးက ဖိုရမ်တွေ ဘလောဂ့်တွေ ၀က်ဘ်ဆိုဒ်တွေပေါ်မှာ တင်ထားတဲ့ စာအုပ်တွေကို စုစည်းပြီး တနေရာထဲမှာ တစ်စုတစ်စည်း အလွယ်တကူ ဖတ်နိုင်အောင် ပြုလုပ်ထားတဲ့ နေရာလေးတစ်ခုပါ။ ကျွန်တော်တို့ရဲ့လည်း ဒီစာအုပ်စင်လေး လုပ်တာဟာ အချိန်အား လူအား ငွေအားကုန်ပေမယ့် ဘာအခကြေးငွေ အကျိုးအမြတ် တစ်စုံတရာမှ ပြန်လည်ရရှိခြင်း/တောင်းခံခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် စာပေချစ်သူတွေရဲ့ ကျေးဇူးတင်စကားတွေကကျွန်တော်တို့ ဆက်လက်လုပ်ဖို့ အားဆေးတစ်ခုဖြစ်ခဲ့ပါတယ်။ မူရင်းစာရေးဆရာများ အနေနဲ့လည်း ကျွန်တော်တို့ကို နားလည် ခွင့်လွတ် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စီးပွားရေးအရ အမြတ်ထုတ်ခြင်း မဟုတ်ပဲ နိုင်ငံတကာက စာပေချစ်သူတွေဖို့ စာကြည့်တိုက်လေးတစ်ခုအနေနဲ့ ရှိစေချင်တဲ့ ဆန္ဒတစ်ခုထဲရှိခဲ့တာကို မူရင်းစာရေးဆရာများ နားလည်ပေးဖို့ တောင်းပန်အပ်ပါတယ်။ ။ ကျွန်တော်တို့ စာအုပ်စင်လေးမှာ စာရေးဆရာများရဲ့ အသစ်စက်စက်စာအုပ်များကို ထွက်ပြီးအချိန်အနည်းငယ်ကြာမှ (အနည်းဆုံး - ၄၅ရက်)တင်ပေးသွားပါမယ်။ အကယ်လို့ သက်ဆိုင်သူများ စာရေးဆရာများ ထုတ်ဝေသူများအနေနဲ့ မိမိတို့စာအုပ်များကို မတင်စေချင်ပါကလည်း ကျွန်တော်တို့ ပူပေါင်းဆောင်ရွက်သွားပါမယ်။