ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ မြန်မာစာအုပ်များကို ဒီpage လေးမှာ စုစည်းပေးသွားပါမယ်။ ကျန်းမာရေးနဲ့ ပတ်သက်သော စာအုပ်များ အလွန်နည်းသည့် အတွက် အလှုခံနေပါသည်။ သင့်ထံတွင် မြန်မာလိုရေးထားသော ကျန်းမာရေးနဲ့ ပတ်သက်တဲ့ PDF book ရှိရင် ရှယ်ပေးဖို့ ပြန်ကြားအပ်ပါတယ်။ဒါကတော့ လောလောဆယ်ရှိတဲ့ စာရင်းပေါင်းချုပ်ပါ။
- ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး (March 07, 2009)
- မောင်မောင်ထွန်းအောင်(ကျန်းမာရေး) – ဆီးချိုသွေးချိုရောဂါအကြော င်း ( March 7, 09)
- ပါမောက္ခမင်းဓာတု – ရင်သားကင်ဆာ သိကောင်းစရာများ ( March 08, 2009)
- ဒေါက်တာသီဟ – HIV မှတ်စုများ (March 07, 2009)
- ဒေါက်တာမောင်မောင်ညို – ထူးဆန်းထွေလာစားစရာနှင့် အာဟာရဗေဒ (March 07, 2009)
- ဒေါက်တာနန်းဥမ္မာ – က္ကထ္တိယနဲ့ ဆေးပညာ (Nov 28, 2009)
- ဒေါက်တာအောင်ခင်ဆင့် – ဖိုနဲ့မဆက်ဆံရေး
- ဒေါက်တာနိုက်တင်ဂေလ်း – သန္ဒေကာတာ ( ကိုယ်ဝန်တားခြင်း နည်းလမ်းအသွယ်သွယ်) (07/08)
- နေ၀င်း(လန်ဒန်) – မြန်မာ့ဆေးမြီးတိုများ (March 7, 2009)
- သာဂဒိုး – စူလာနဖာနှင့် ဆေးနည်း ဆေးပင်များ (08/24)
စာအုပ်လေးတွေဖတ်ပြီး စိတ်အမောဖြေနိုင်ကြပါစေ။
Popularity: 18% [?]




စာအုပ်တွေကို ဖတ်လို့မရဘူး မှတ်ပုံတင်ဘယ်လိုတင်ရမှာလဲ ပြောပေးစေလိုပါသည်။
ကျေးဇူးတင်ပါသည်။
ကျွန်တော်အကြံပြုချင်တာက စာအုပ်တစ်အုပ်ချင်းစီကို comment ပေးလို.ရအောင်လုပ်ပေးစေချင်ပါတယ်။ အခု ကျန်မာရေးနဲ.ပတ်သတ်ပြီးတင်ထားတဲ စာအုပ်မှာ စူလာနဖာ ဆိုတဲ.ဆေးနည်း စာအုပ် ကို အကြံပြုချင်ပါတယ်။ မသိတဲ.သူက ဖတ်ပြီးဆေးတွေလျှောက်ဖော်သောက်ရင် အဆိပ် အတောက်ဖြစ်မှာဆိုးလို.ပါ။ ကျွန်တော့် ကိုယ်တွေ. စူလာနဖာ ကို နေ.စဉ် ကြိုသောက်ပြီး အသည်း အမြန်ပျက်စီးသွားတဲ. အဖွားအို တစ်ယောက် ကို ကြုံတွေ.ဖူးပါတယ်။ ကျန်းမာရေးစစ်ဆေးတွေ.ရှိချက်အရ ရေရှည်သောက်သုံးသွားရင် အဆိပ်အတောက်ဖြစ်ပြီး အသည်းကို မြန်မြန်ပျက်စီးစေတယ် ဆိုတာကိုသိခဲ.ရပါတယ်။ စူလာနဖာ မှာ သူ.အစွမ်းနဲ.သူတော့ရှိမှာပါ။ ဒါပေမဲ. သေချာ ဓာတ်ခွဲ ပြီး သုတေသနလုပ်ထားတာမတွေ.၊မကြားဖူးသေးပါ။ မသိတဲ.သူကစာအုပ်ကိုဖတ်ပြီး Positive ဘဲတွေ.ပြီး negative(ဆိုးကျိုး) ကို မသိလိုက်မဖြစ်ရအောင်လို.ပါ ခင်ဗျာ။ တကယ်တတ်ကျွမ်းတဲ.ဆရာဝန်များဖြင့်တိုင်ပင်ပြီးမေးမြန်းသင့်ပါတယ်။
http://www.scribd.com/doc/4847494/Thar-Ga-Doe-su-lar-nha-phar-
အောက်ပါ လင်ခ့်မှာ သွားပြီး ဒီစာအုပ်ဖို့ ကော့မန့်ပေးနိုင်ပါတယ်။ အခုလိုမျိုး ပြောပြပေးတာလဲ ကျေးဇူးတင်ပါတယ်။ အကယ်လို့ စာဖတ်သူတွေထဲက အဲဒီအပင်ရဲ့ ကောင်ကျိုး ဆိုးကျိုးတွေကို သိရင်လည်း ဒီအောက်မှာ ကော့မန့်ချန်ခဲ့ပါအုန်း ..