ဝိညာဉ်သစ် စာအုပ်စင်ရဲ့ ၂၀၀၈ ခုနှစ်ရဲ့ ဖတ်သူများဆုံးစာအုပ် ၁၀ အုပ်


နှစ်ဟောင်းကုန်လို့ နှစ်သစ်တစ်ခုပြောင်းလဲတော့မှာပါ။ မိတ်ဆွေတို့လည်း နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ၂၀၁၀ ဆိုတဲ့ နောက်ထပ်ဆယ်စု နှစ်တစ်ခုဆီ ဦးတည်နေပါပြီ။ ဒီနှစ်လေး အတွင်းမှာ ကျွန်တော်တို့ရဲ့ စာအုပ်စင်လေးမှာ ပုံမှန်လာရောက်ဖတ်ရှူတဲ့ ပရိသတ်တွေဟာ များသည်ထက်များပြားလာပါတယ်။ တစ်ယောက်စကား တစ်ယောက်ကြားပြီး ရောက်လာအောင် သတင်းဆောင်ပေးခဲ့တဲ့ မိတ်ဆွေအပေါင်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါစေ။ ထိုအတူပဲ ကျွန်တော်စာအုပ်တော်တော်များများကို ရခဲ့တဲ့ ပဒုမာဖိုရမ်မှညီအကိုမောင် နှမများ၊ မြန်မာမိသားစုမှရောင်းရင်းများ၊ မြန်မာebook ဆိုဒ်မှ မိတ်ဆွေများ၊ သူတို့ဆီမှာရှိတဲ့စာအုပ်များကို ကျွန်တော်ဆီရှယ်ပေးသော ညီအကိုမောင်နှမများကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီစာအုပ်စင်လေးက ကျွန်တော်တစ်ယောက်တည်း ပိုင်တာ မဟုတ်ပါဘူး။ မိတ်ဆွေတို့အားလုံးရဲ့ ကိုယ်ပိုင်စာကြည့်တိုက်လေးတစ်ခုဖြစ်ပါတယ်။  အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒီစာအုပ်စင်လေးက ကျွန်တော်ကိုယ်ပိုင်အရာတစ်ခုမဟုတ်ပါဘူး။ ဒီကိုလာတဲ့သူအားလုံးပိုင်ဆိုင်တဲ့ အရာလေးဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။

စာပေနယ်ထဲက ၂၀၀၈ ခုနှစ်ရဲ့  အကြီးမားဆုံး ဆုံးရှုံးမူကတော့ လူထုဒေါ်အမာ၊ မင်းသိင်္ခ ၊ ပန်းချီဝသုန် အစ ရှိတဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေရဲ့ ကြွေလွင့်ြ့ခင်းတွေက ဘာနဲ့မှ အစားထိုးလို့မရနိုင်တော့မဲ့ အရာတွေပါ။ ကျွန်တော်တို့ အားလုံး သူတို့ဖိုလည်း ဆုတောင်းမေတ္တာပို့သပေးရအောင်ဗျာ။

၂၀၀၈ ခုနှစ်ရဲ့  လူဖတ်အများဆုံးစာအုပ်များကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

နံပါတ် ၁၀။  တာရာမင်းဝေ – ပန်းခေတ်ကလမင်း

ဒီစာအုပ်လေးက သူများတွေတော့မသိဘူး .. ကျွန်တော်ရဲ့  အနှစ်သက်ဆုံးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်လေးက ဆရာတာရာမင်းဝေရဲ့ ပထမဆုံးလက်ရာလည်းဖြစ်ပါတယ်။ တော်တော်လေးကို ကောင်းတဲ့စာအုပ်လေးပါ။ ဇာတ်သိမ်းခန်းကို ကြိုမဖတ်ပါနဲ့ ဒီအုပ်လေးဟာ လာရောက်ဖတ်ရှူသူပေါင်း ၂၉၅ ယောက်နဲ့ ၂၀၀၉ခုနှစ်မှာ နံပါတ်၁၀ စွဲသွားပါတယ်။

နံပါတ် ၉။ ဂျူး -မတော်တရော်-၀တ္ထုတို

ဆရာမဂျူးရဲ့  ပရိသတ်ကတော့ တော်တော်ကိုများပါတယ်။ ၀တ္ထုတိုလေးက အ၀တ်အစားအစားနဲ့ ပတ်သက်ပြီးရေးထားတာပါ။ ဖတ်လိုကောင်းပါတယ်။ စာဖတ်သူ ၃၃၁ ယောက်နဲ့ နံပါတ် ၉ နေရာမှာ ရပ်တည်နေပါတယ်။

နံပါတ် ၈ .။ မင်းလူ – သင်္ခါရများ

စာရေးဆရာ မင်းလူရဲ့  သွက်လက်တဲ့ အရေးအသားနဲ့ သဘာဝကျကျဇာတ်လမ်းလေးတွေကလည်း စွဲဆောင်မူအားကောင်းခဲ့ပါတယ်။ ဒါလည်း ၀တ္ထုတိုလေး တစ်ပုဒ်ပါပဲ။ ဟာသစွက်ပြီး မင်းလူစတိုင်ကျကျနနခံစားရပါစေမယ်။

နံပါတ် ၇။ ဂျူး – ကျွန်မ၏သစ်ပင် (06/30)

ဆရာမ ဂျူးရဲ့  ၀တ္ထုရှည်ပေါ့ခင်ဗျာ.။ ကျွန်တော်မဖတ်ရသေးလို့ သိပ်မညွန်းတော့ဘူး။ ဒါပေမယ့် စာအုပ် ၃၀၀ နီးပါးမှာ ဖတ်သှူုဦးရေ ၄၄၂ ယောက်နဲ့ နံပါတ် ၇ ဆိုတဲ့ နေရာက ညွန်းစရာလိုမယ်မထင်တော့ပါဘူး။

နံပါတ် ၆။ မင်းသိခ်-ဘမျိုးဘိုးတူဘယ်သ န်ဘမှန်

ကွန်လွန်သူ စာရေးဆရာ မင်းသိင်္ခရဲ့  ဘမျိုးဘိုးတူ ဘယ်သန်ဘမှန်ဆိုတဲ့ စာအုပ်လေးက နံပါတ်၆ နေရာကို ၄၉၇ယောက်နဲ့ ရသွားပါတယ်။

၁-၅ ကိုတော့ အောက်မှာဆက်ကြည့်ပါ။ (ကြော်ငြာဝင်တာ :P )

နံပါတ် ၅။ မြန်မာကျူးပစ်ဒ် ချက်နည်းများ

ကျူးပစ်ဒ်ရဲ့  ချက်နည်းပြုတ်နည်းစာအုပ်က နံပါတ်ငါးနဲ့ ၅၃၉ ယောက်နဲ့ နံပါတ်ငါးကို ရယူသွားတယ်ခင်ဗျာ။ အိမ်ရှင်မတွေပဲ လာလာဖတ်ပြီး လက်စွမ်းပြနေတာလား ဒါမှမဟုတ် နိုင်ငံခြားရောက်နေတဲ့ ကိုကိုတွေပဲ လက်စွမ်းပြဖို့ ဖတ်ကြတာလားတော့ မသိဘူးခင်ဗျ။

နံပါတ် ၄။ ဂျူး – ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ခဲ့

ဂျူးပါပဲခင်ဗျာ။ ဆရာမဂျူးရဲ့  မှော်ဆန်တဲ့ အရေးအသားတွေနဲ့ စာဖတ်ပရိသတ်များစွာရဲ့ နှလုံးသားကို စွဲယူခဲ့ပါပြီ။ ၀တ္ထုတိုတစ်ပုဒ်ဖြစ်ပြီး စာဖတ်သူ ၆၄၀ ကျော်ကျော်ဖတ်ရှူခဲ့ပါတယ်။

နံပါတ် ၃။ wordpress ကိုဘယ်လို Install လုပ်မလဲ

mm. wordpress.com ကနေပြီး ဖြန့်  ချီခဲ့တဲ့ တစ်မျက်နှာကျော်ကျော်သာ ရှိတဲ့ menual လေးပါ။ ဒါပေမယ့် ကျွန်တော်ဆိုဒ်တစ်ခုလုံးလဲ အဲဒီစာရွက်လေးဖတ်ပြီး wordpress ကိုပြောင်းလဲခဲ့တာပါ။ ပြောင်းလဲလာတဲ့ နည်းပညာဖွံဖြိုးမူတွေနဲ့ အတူ မြန်မာblogger တွေရဲ့ blogspot မှ wordpress သို့ ပြောင်းလိုအား ကို ဒီဟာလေးက ကိုယ်စားပြုခဲ့ပါတယ်။ စာဖတ်သူဦးရေ – ၆၅၃

နံပါတ် ၂။ Gandhi An Autobiography The Story of My Experiments With Truth

ဒီစာအုပ်ကတော့ ဂန္ဒီရဲ့  ဘ၀ဇာတ်ကြောင်းဖြစ်ပါတယ်။ ကျွန်တော်စာအုပ်စင်မှာရှိတဲ့ ရှားရှားပါးပါးရှိတဲ့ အင်္ဂလိပ်စာအုပ် အနည်းငယ်ထဲက တစ်ခြု့ဖစ်ပါတယ်။ စာဖတ်သူဦးရေ – ၁၀၆၇

နံပါတ် ၁……………………………………………………..

ဘာစာအုပ်ထင်လဲ။ မြန်မာပရိသတ်တွေ အကြိုက်ဆုံး နဲ့ အနှစ်သက်ဆုံး စာအုပ်က ဂျူးလည်း မဟုတ်၊ မင်းလူတွေ တာရာ မင်းဝေတွေလည်း မဟုတ်။ ခေတ်ဟောင်းစာအုပ်လည်းမဟုတ်။ တက္ကသိုလ်နေလင်းအောင်ရဲ့ နဂါးနိုင်ဓါး သိုင်းဝတ္ထုပဲဖြစ်ပါတယ် ခင်ဗျာ။ ဖတ်ရှူသူဦးရေ ၁၃၈၁ နဲ့ ဖတ်သူအများဆုံး စာအုပ်အဖြစ် စာရင်းဝင်သွားပါတယ်။

ဝိညာဉ်သစ် အကောင်းဆုံးစာရေးဆရာ

ဝိညာဉ်သစ် စာအုပ်စင်ရဲ့  ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံးစာရေးဆရာ အဖြစ် စာရေးဆရာမဂျူး ကိုရွေးချယ်ပါတယ်ခင်ဗျာ။

မှတ်ချက်။  ။ အထက်ပါအချက်အလက်များ အားလုံးမှာ ၀ိညာဉ်သစ် admin အဖွဲ့ ၏ သဘောတူညီချက်အရသာဖြစ်သည်။ အချက်အလက်များကို scribd မှ data အတိုင်း ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ အကောင်းဆုံးစာရေးဆရာနေရာအတွက်  ၀ိညာဉ်သစ်၏ လက်ရှိရှိနေသော ebook များထဲမှ ပရိသတ်များ၏ တောင်းဆိုမူ၊ ဖတ်ရှူသူဦးရေ စသောအချက်အလက်များနှင်ရွေးချယ်ပါသည်။

Popularity: 10% [?]




8 Responses to “၀ိညာဉ်သစ် စာအုပ်စင်ရဲ့ ၂၀၀၈ ခုနှစ်ရဲ့ ဖတ်သူများဆုံးစာအုပ် ၁၀ အုပ်”

  1. တီးကော့ခ် says:

    ကျေးဇူးတင်ပါတယ် စာအုပ်စင်လေးအတွက်။

  2. ကေကေ says:

    စာအုပ်တွေအတွက်ကျေးဇူးအထူးတင်ပါတယ်
    စာအုပ်အသစ်အသစ်လေးတွေကို
    လဲမျှော်လင့်ပါတယ်…
    ဆရာမမြနှောင်းညိုရဲ့စာအုပ်
    တွေဖတ်ချင်ပါတယ်…

  3. Htoo Myat Nandar says:

    i expect to put whatever novels written by Juu on the website.
    Thanks For helping People, particularly those who are in foreign countries for various reasons, read free online. :D

  4. bananlayg says:

    thank you very much

  5. အပြင်လောကမှာရှိတဲ့စာအုပ်တစ်အုပ်ရဲ့တန်ဖိုးကနဲနဲနောနောမဟုတ်ပါဘူး.။အခုလိုအွန်လိုင်းကနေစာအုပ်ပေါင်းစုံကို တစ်ထိုင်တည်းဖတ်ရတော့ပြောမပြတတ်အောင်ဝမ်းသာမိပါတယ်။ အခုလိုမျိုးပင်ပင်ပန်းပန်းနဲ့ ရှာ ဖွေတင်ပြပေးထားတဲ့ဝိညာဉ်သစ်အဖွဲ့ကို ကျေးဇူးတင်ပါတယ်။ ဘာပဲ ပြော ပြော စာပေဆိုတာ ညဏ်ရဲ့အလင်းရောင်ပဲလေ။ ဖယောင်းတိုင်လောက်အလင်းပေးပေး၊နေမင်းလောက်အလင်းပေးပေး ခံယူခွင့်ရသူတွေအတွက်က တန်ဖိုးမဖြတ်နိုင်ပါဘူး။ နောင်ကိုလဲဒီထက်ပိုမိုပြည့်စုံကောင်းမွန်တဲ့ online library တစ်ခုအဖြစ်ဆက်လက်ရပ်တည်နိုင်ပါစေလို့ဆုတောင်းပေးနေပါတယ်။

  6. [...] စာဖတ်သူအများဆုံး စာအုပ်ဆယ်အုပ် – CLICK HERE VN:F [1.7.8_1020]please wait…Rating: 0.0/10 (0 votes cast)VN:F [1.7.8_1020]Rating: 0 (from 0 [...]

  7. min kyaw says:

    အီလက်ထရွန်းနစ်နဲ့ ပါတ်သက်တဲ့ စာအုပ်တွေ ဖတ်ချင် ဒေါင်းချင်ပါတယ်…ရှိရင်တင်ပေးပါနော်။ ဆရာဦးဖေသိန်း၊ ဆရာဦးသန်းဆင့် (နေလင်းအီလက်ထရွန်းနစ်) ၊ ဆရာဝင်းထက်ဝင်း (ဒစ်ဂျစ်တယ်အီလက်ထရွန်းနစ်)တို့ရဲ့စာအုပ်တွေပါ။ ပြုပြင်နည်းနဲ့ပါတ်သက်တဲ့ စာအုပ်တွေက ဒီကစာအုပ်စင်တွေမှာ မရှိသလောက်ကိုဖြစ်နေလို့ပါ၊။ circuit တွေနဲ့ပါတ်သက်တဲ့ လက်တွေ့တည်ဆောက်နည်း စာအုပ် တွေလည်း မြန်မာစာအုပ်တွေရော အင်္ဂလိပ်စာအုပ်တွေကိုပါ ဖတ်ချင်လေ့လာချင်ပါတယ် …. ရှိတဲ့သူတွေသူတွေကိုလည်း အကူအညီတောင်းပါတယ်..။

  8. တာရာမင်းဝေရဲ့ ပထမဦးဆုံး ပုံနှိပ်လက်ရာက “ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး”
    စာအုပ်တွေ အတွက်ကတော့ ကျေးဇူးကမ္ဘာပါဗျာ။

Leave a Reply