စာရေးဆရာများသို့
မူရင်းစာရေးဆရာများနှင့် သက်ဆိုင်သူများသို့
ကျွန်တော်တို့ရဲ့ ၀ိညာဉ်သစ် စာအုပ်စင်လေးက အနယ်နယ်အရပ်အရပ်မှာ ရှိတဲ့ စာပေငတ်နေတဲ့ မြန်မာစာအုပ်ချစ်သူတွေဖို့ အွန်လိုင်းစာကြည့်တိုက် တစ်ခုအနေနဲ့ တည်ထောင်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ၀ိညာဉ်သစ် စာအုပ်စင်လေးက ဖိုရမ်တွေ ဘလောဂ့်တွေ ၀က်ဘ်ဆိုဒ်တွေပေါ်မှာ တင်ထားတဲ့ စာအုပ်တွေကို စုစည်းပြီး တနေရာထဲမှာ တစ်စုတစ်စည်း အလွယ်တကူ ဖတ်နိုင်အောင် ပြုလုပ်ထားတဲ့ နေရာလေးတစ်ခုပါ။ ဒီစာအုပ်စင်မှာရှိတဲ့ စာအုပ်အများစုဟာ ဖိုရမ်များ၊ အခြားသော စာအုပ်website များ၊ နဲ့ လူတစ်ဦးချင်းစီက ရှယ်ယာလုပ်သည်များကို စုစည်းပေးထားခြင်းတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့လည်း ဒီစာအုပ်စင်လေး လုပ်တာဟာ အချိန်အား လူအား ငွေအားကုန်ပေမယ့် ဘာအခကြေးငွေ အကျိုးအမြတ် တစ်စုံတရာမှ ပြန်လည်ရရှိခြင်း/တောင်းခံခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် စာပေချစ်သူတွေရဲ့ ကျေးဇူးတင်စကားတွေကကျွန်တော်တို့ ဆက်လက်လုပ်ဖို့ အားဆေးတစ်ခုဖြစ်ခဲ့ပါတယ်။
မူရင်းစာရေးဆရာများ အနေနဲ့လည်း ကျွန်တော်တို့ကို နားလည် ခွင့်လွတ် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စီးပွားရေးအရ အမြတ်ထုတ်ခြင်း မဟုတ်ပဲ နိုင်ငံတကာက စာပေချစ်သူတွေဖို့ စာကြည့်တိုက်လေးတစ်ခုအနေနဲ့ ရှိစေချင်တဲ့ ဆန္ဒတစ်ခုထဲရှိခဲ့တာကို မူရင်းစာရေးဆရာများ နားလည်ပေးဖို့ တောင်းပန်အပ်ပါတယ်။ ။ကျွန်တော်တို့အနေနဲ့လည်း စာအုပ်စင်လေးမှာ စာရေးဆရာများရဲ့ အသစ်စက်စက်စာအုပ်များကို ထွက်ပြီးအချိန်အနည်းငယ်ကြာမှ (အနည်းဆုံး – ၂လ) ကြာမှ တင်ပေးသွားပါမယ်။
အကယ်လို့ သက်ဆိုင်သူများ စာရေးဆရာများ ထုတ်ဝေသူများအနေနဲ့ မိမိတို့စာအုပ်များကို မတင်စေချင်ပါကလည်း ကျွန်တော်တို့ကို ပူပေါင်းဆောင်ရွက်သွားပါမယ်။ သက်ဆိုင်သူများအနေနဲ့ ၀ိညာဉ်သစ်ကို ဆက်သွယ်ချင်တယ် ဆိုရင်ဖြင့် wntbookshelf@gmail.com သို့ email ပို့၍ဖြစ်စေ ဒီပိုစ့်အောက်မှာပဲ ကော့မန့်ချန်၍ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
Popularity: 1% [?]




