သမိုင်းကြောင်း
ဝိညာဉ်သစ်ဖြစ်ပေါ်လာပုံ
ကျွန်တော်ငယ်ငယ်က ကဗျာတွေဘာတွေရေးတဲ့ အချိန်မှာ ၀ိညာဉ်သစ်ဆိုတဲ့နာမည်လေးယူပြီးရေးနေကြပါ။ အဓိပါယ်ကတော့ အတိတ်က အမှားတွေအားလုံးကို စွန့်လွတ်ပြီး လူသစ်စိတ်သစ်နဲ့ပြန်စမယ်ဆိုတဲ့ သဘောနဲ့ယူထားတာပါ။ ဘာရယ်မဟုတ်ပါဘူး. blog စရေးတော့ ကျွန်တော် ဒီနာမည်လေးကို ယူသုံးမိတယ်။ ဒီလိုနဲ့ဝိညာဉ်သစ် ရယ်လို့ဖြစ်လာတာပါ။
Blogspot တွင်ကျင်လည်ခြင်း
blogger အားလုံးရဲ့အစက google ရဲ့ blogspot ဆိုရင်လည်းမမှားပါဘူး.။ ကျွန်တော် အခြားသူတွေနည်းတူ blogspot လေးနဲ့စတင်ခဲ့ပါတယ်။ကျွန်တော်တို့ ၀ိညာဉ်သစ် blog လေးကို ၆.၆.၂၀၀၇ မှာ blogspot အနေနဲ့စတင်ခဲ့ပါတယ်။ စစတုန်းကတော့ စာအုပ်လေးတွေနဲ့အဓိကထားပြီး personal ဘလောဂ့်လေး တစ်ခုအဖြစ်ရပ်တည်ခဲ့တာပါ။ ထိုဘလောဂ့်လေးရဲ့ လိပ်စာကတော့ http://weenyin.blogspot.com/ ဖြစ်ပါတယ်။
Bookshelf စတင်ခြင်း
ကျွန်တော်ကိုယ်တိုင်က စာအုပ်တွေကြိုက်တတ်လို့စာအုပ်တွေဒေါင်းလုပ်ချပြီး ဖတ်နေကြဆိုတော့ ကျွန်တော် မှာရှိတဲ့ စာအုပ်လေးတွေကို esnip hosting ပေါ်ကို ၇.၆.၀၇ မှာတင်ခဲ့ပါတယ်။ စာအုပ်စင်လေးကို စတင်ပြီးလူတွေကို အသိပေးတာကတော့ 22.6.2008 မှာပါ။ အဲဒီနောက်ပိုင်းစာအုပ်တွေအများကြီးတင်ခဲ့တယ်။ esnip မှာစာအုပ်တွေတင်နေရင်းနဲ့ တော်တော်များလာခဲ့ပါတယ်။ အဲဒီအချိန်မှာ တခြားအကြောင်းအရာတွေထက် စာအုပ်အကြောင်းတွေ ပိုမိုအရေးပေးပြီး blog မှာတင်ခဲ့ပါတယ်။ နောက်ပိုင်းကြတော့ esnip က user friendly မဖြစ်တဲ့အတွက် hosting အသစ်လိုက်ရှာရာမှာ Scribd ကိုသွားတွေ့ပါတယ်။ အဲဒီမှာကြတော့ online ပါဖတ်လို့ရတယ်ဆိုတော့ ရေငတ်တုန်း ရေတွင်းထဲကျသလိုပဲပေါ့ဗျာ။ ဒါနဲ့နောက်ပိုင်း စာအုပ်တွေကို list လေးတစ်ခုလုပ်ပြီး စတင်ရှယ်ခဲ့ပါတယ်။
WordPress ပြောင်းခြင်း
အဲစာအုပ်တွေရှယ်နေတုန်း တစ်ခုဒုက္ခရောက်တာက blogger က page တစ်ခုပဲပေးတဲ့အတွက် စာအုပ်စင်လေးက သပ်သပ်ရပ်ရပ်မရှိပါဘူး။ အဲဒီအချိန်မှာပဲ wordpress ကိုပြောင်းတာ ပေါ်ပြူလာဖြစ်လာပါတယ် ပြီးတော့ ဘလော့ဂ်ဂါတိုင်းလိုလိုက wordpress ကိုပြောင်းနေကြတယ်။ အဲဒီတော့ wordpress website မှာ blog တစ်ခုလုပ်ပြီး စနည်းနာတော့ ကျွန်တော်ကြိုက်တဲ့ page function ပါတယ်ဆိုတော့ တော်တော်ကြိုက်သွားတယ်။ ဒါပေမယ့် ကျွန်တော်နည်းပညာချို့တဲ့မူကြောင့် ကိုယ်ပိုင် hosting ပေါ်တင်ဖို့အခွင့်အရေးမရခဲ့ပါဘူး။ ဒါပေမယ့် wordpress myanmar, myanmar wordpress, ကိုမှော်ဆရာတို့ရဲ့ blog တွေနဲ့ အခြားblog တွေမှာရေးထားတဲ့ တင်ပုံတင်နည်းတွေ theme တွေကြည့်ပြီး စမ်းလုပ်ခဲ့တာ အောင်မြင်မူတော့ရပါတယ်။ ဒါပေမယ့် ကျွန်တော်သုံးနေတဲ့ byethost က သုံးလို့သိပ်မကောင်းတဲ့အတွက် နောင်တစ်ချိန်မှာ ပြောင်းလဲမူတွေ ထပ်လုပ်ဖို့ရှိပါတယ်။ အင်း ဒီလိုနဲ့ပဲ wordpress ကို ၁၀.၇.၂၀၀၈ မှာ တရားဝင်ပြောင်းလဲပြီး နဂိုblogလေးကို ရပ်ဆိုင်းလိုက်ပါတယ်။
အခုတော့ ကျွန်တော်ရဲ့ စာအုပ်စင်လေးက တော်တော်လေးကို မဆိုးဘူးပြောရမှာပါ။ လောလောဆယ်အချိန်မှာ လာရောက်ဖတ်ရှူသူ ဦးရေ 9500 ကျော်သွားပြီဖြစ်ပါတယ်။ ဒီလိုဖြစ်နေရတာတွေက အားလုံးရဲ့ ပံပိုးမူကြောင့်ပါ။ ပြီးတော့ ကျွန်တော်အပေါ် သင်ကျေးဇူး ကြားကျေးဖူး မြင်ကျေးဇူးရှိတဲ့ သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
ကျွန်တော်ကို ဆက်သွယ်ချင်ရင်တော့ weenyinthit@gmail.com ကိုဆက်သွယ်နိုင်ပါတယ်။ မိတ်ဆွေတို့ရဲ့ အကြံပေးချက်များ ဝေဖန်ချက်များကို ကြိုဆိုနေပါတယ်။
Popularity: 32% [?]
i miss school.
hello
how u doing
how can i read shwe amyu tay on line mag :
p/l tell me
hlaing
ဗေဒင် မဟာဘုတ် စာအုပ် ရှိရင် ဒေါင်းချင်လို့ပါ။ ကျေးဇူးပါပဲ…