Top 10 books of 2010
ဒီနှစ်ဒီအချိန်ကို နောက်တခါပြန်လည်ရောက်ရှိခဲ့ပါပြီ၊ ကျွန်တော်တို့ ၀ိညာဉ်သစ်စာအုပ်လေးက နှစ်စဉ်နှစ်တိုင်း စာဖတ်သူအများဆုံးစာအုပ်လေးတွေကို ရွေးချယ်ခဲ့တာဟာဆိုရင် အခုဆိုရင် သုံးနှစ်မြောက်လို့ လာခဲ့ပါပြီ၊ ၂၀၁၀ ခုနှစ်အတွက် Scribd မှာတင်ထားတဲ့ စာရင်းဇယားများအရ၂၀၁၀ခုနှစ်ရဲ့ စာဖတ်သူအများဆုံးစာအုပ် ၁၀ အုပ်ကတော့ ....
နံပါတ် ၁၀။ မင်းသိခ်-ဘမျိုးဘိုးတူဘယ်သန်ဘမှန် (iFile)
(၂၀၀၉ - N/A) (၂၀၀၈ -၆) ၊ စာဖတ်သူဦးရေ - ၇၄၀၆+ ဆရာမင်းသိင်္ခရဲ့ စာအုပ်လေးက ၂၀၀၈ ခုနှစ်မှာ စာဖတ်သူအများဆုံးနေရာ နံပါတ်၆ရရှိခဲ့ပြီး ၂၀၀၉မှာတော့ အခြားစာအုပ်တွေရဲ့ ကျော်တက်ခံလိုက်ရပေမယ်.. ၂၀၁၀ ခုနှစ်မှာ စာချစ်တွေရဲ့ ဖတ်အားနဲ့ အဆင့်၁၀ အတွင်းကိုပြန်ဝင်ရောက်လာခဲ့ပါတယ်။ ဒီစာအုပ်လေးကစာအုပ်နှစ်အုပ်တွဲကို ဖိုင်တစ်ခုထဲမှာထည့်ထား တဲ့အတွက် ဖတ်ချင်သူများဒေါင်းလုပ်လုပ်ပြီးမှဖတ်နိုင်ပါတယ်။ တိုက်ရိုက်ဖတ်လို့မရနိုင်ပါခင်ဗျ။
နံပါတ် ၉။ နုနုရည်(အင်းဝ) – ပြုံး၍လည်းကန့်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ (iFile)
(၂၀၀၉ - N/A) (၂၀၀၈ - N/A) ၊ စာဖတ်သူဦးရေ - ၇၄၇၀ + ဆရာမ နုနုရည် (အင်းဝ) ရဲ့စာအုပ်လေးက ဒီနှစ်မှာ နံပါတ် (၉) နေရာကိုပထမဆုံးအကြိမ်ရောက်ရှိခဲ့ပါတယ်။ အလွန်ဖတ်လို့ကောင်းတဲ့စာအုပ်လေးဖြစ်လို့ဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်။
နံပါတ် ၈၊ စိုးမြတ်သူဇာ – အနားသတ်သစ္စာ (G Link)
(၂၀၀၉ - ၁၀) (၂၀၀၈ - N/A) စာဖတ်သူဦးရေ - ၈၅၀၀ + ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်သူဇာရဲ့ ၂၀၀၉ ခုနှစ်မှာစာဖတ်သူ ၃၆၈၅ယောက်နဲ့ နံပါတ်၁၀မှာ ရပ်တည်ခဲ့တဲ့စာအုပ်လေးက ဒီနှစ်မှာ စာဖတ်သူ နှစ်ဆကျော်သုံဆနီးနီးလောက်ကိုတိုးလာပြီး အဆင့် ၈ နေရာကိုတတ်လာခဲ့ပါတယ်။ မဖတ်ရသေးတဲ့ သူများဖတ်သင့်တဲ့စာအုပ်လေးပါ။
နံပါတ် ၇။ ဂျူး – ကျွန်မ၏သစ်ပင် (G Link)
(၂၀၀၉ - ၁) (၂၀၀၈ - ၇) စာဖတ်သူဦးရေ - ၈၆၆၀ + ယခင်နှစ်မှာ နံပါတ် ၁ နေရာစွဲခဲ့တဲ့ ဆရာမ ဂျူးရဲ့စာအုပ်လေးက ၂၀၀၈ခုနှစ်က စွဲခဲ့တဲ့ နံပါတ်၇ နေရာကိုပြန်ရောက်သွားခဲ့ပါတယ်။ သုံးနှစ်အတွင်းအကောင်းဆုံး၁၀အုပ်စာရင်းထဲမှာဝင်ခဲ့ ဆရာမဂျူးရဲ့စာအုပ်လေးကိုမြည်းကြည့်ကြပါအုန်း။
နံပါတ် ၆။ ကံချွန် – ဒိုးဒိုးဒေါက်ဒေါက်ဟာသများ (G Link)
(၂၀၀၉ - ၅) (၂၀၀၈ N/A) စာဖတ်သူဦးရေ - ၉၃၀၀ + စာရေးဆရာကံချွန်ရဲ့ စာအုပ်လေးက ၂၀၁၀ခုနှစ်မှာ စာဖတ်သူဦးရေ ၂ဆ ကျော်ကျော်တိုးခဲ့ပေမယ့် တစ်ဆင့်အောက်ကျသွားခဲ့ပါတယ်။ရယ်မောစရာတွေကို ကြိုက်တတ်ကြတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေဖို့ ပေါ့ပေါ့ပါးပါးရယ်စရာလေးတွေကို ဖတ်ကြည့်ရအောင်ဗျာ။
နံပါတ် ၅။ ကံချွန် – ကြားဖူးနားဝ ဟာသများ (G Link)
(၂၀၀၉ - ၆) (၂၀၀၈ N/A) စာဖတ်သူဦးရေ - ၉၅၆၀ + အပေါ်ကဆရာကံချွန်ရဲ့ စာအုပ်နဲ့နေရာခြင်းလဲလိုက်တဲ့ စာအုပ်လေးပါ။ ကြားဖူးနားဝ ဟာသလေးတွေဖတ်ပြီး သင်ရဲ့မိသားစု မိတ်ဆွေတွေကို ပြုံးအောင်လုပ်လိုက်ပါအုန်း။
နံပါတ် ၄။ ဒေါက်တာအောင်ခင်ဆင့် – ဖိုနဲ့မဆက်ဆံရေး (G Link)
(၂၀၀၉ - N/A) ၂၀၀၈ (N/A) စာဖတ်သူဦးရေ - ၁၀၂၂၀+ ဒီစာအုပ်လေးက ဒီနှစ်မှာ နံပါတ်လေးနေရာကို ပထမဆုံးအကြိမ် ၀င်ခဲ့ပါတယ်။ ဖိုနဲ့မ ဆက်ဆံရေးအကြောင်းကို ကျန်းမာရေး ရှူထောင့်ကနေရေးထားတာဖြစ်ပြီးလွန်ပဲတန်ဖိုးရှိတဲ့စာအုပ်လေးပါ။ အမျိုးသားရော အမျိုးသမီးပါဖတ်သင့်တဲ့စာအုပ်လေးပါ။
နံပါတ် ၃။ ဒေါက်တာနန်းဥမ္မာ – က္ကထ္တိယနဲ့ ဆေးပညာ
(၂၀၀၉ - ၂) (၂၀၀၈ - N/A) စာဖတ်သူဦးရေ - ၁၁၂၀၀+ ဒီစာအုပ်လေးဟာလည်း ၂၀၀၉ခုနှစ်ထက် စာဖတ်သူဦးရေ ၂ဆ ကျော်ကျော်တိုးခဲ့ပေမယ့် အဆင့်တစ်ဆင့်အောက် ရောက်သွားခဲ့ပါတယ်။ မြန်မာအမျိုးသမီးတွေဖို့ ခန္ဓာဗေဒ ပြောင်းလဲခြင်း သဘောတရားတွေ၊ အမျိုးသမီးရောဂါများ အကြောင်း၊ ကိုယ်ဝန်ဆောင်တွေဖို့ သိမှတ်စရာများစသည့်တို့ကို ကျန်းမာရေးရှူထောင့်ကနေရှင်းလည်းထားတဲ့စာအုပ်လေးပါ။ အမျိုးသမီးများသာမကပဲ၊ အိမ်ထောင်ရှင်အမျိုးသားတွေ၊ သမီးရှိတဲ့ဖခင်များပါဖတ်သင့်တဲ့စာအုပ်လေးပါ။
နံပါတ် ၂။ ကံချွန် -ပေါ့ပေါ့ပါးပါးဟာသဟာသ၀တ္တုတိုများ
(၂၀၀၉ - ၄) (၂၀၀၈ - N/A) စာဖတ်သူဦးရေ - ၁၁၈၀၀+ ဆရာကံချွန်ရဲ့ နာမည်ကတော့ ယခုထိတိုင်ကို စာဖတ်သူတွေကြားမှာ ရေးပန်းစားနေဆဲဆိုတာကို သူရေးခဲ့တဲ့စာအုပ်တွေက သက်သေပြနေပါတယ်။ယခင်နှစ်ကနံပါတ် ၄ နေရာကနေ စာဖတ်သူသောင်းနဲ့ချီးတဲ့ စာချစ်သူတွေက နံပါတ်၂နှစ်နေရာကို ဆွဲတင်ပေးခဲ့ပါတယ်။
နံပါတ် ၁။ မြန်မာကျူးပစ်ဖိုရမ် – ရယ်စရာမောစရာ နိုင်ငံတကာ ဟာသများ
(၂၀၀၉ - ၃) (၂၀၁၀ - N/A) စာဖတ်သူဦးရေ - ၁၃၂၅၀ ဆောင်ဦးလှိုင်သီးချင်းတောင်ပြန်သတိရတယ်။ ဟာသစာအုပ်တွေနဲ့ ၂၀၁၀ ခုနှစ်က မြန်မာလူမျိုးတွေဖို့ ပျော်ရွှင်စရာနှစ်တစ်ခုဖြစ်ခဲ့လိမ်မယ့်လို့ကျွန်တော်ယုံကြည်ပါတယ်။မြန်မာကျူးပစ်ဒ်ဖိုရမ်မှ ဟာသလေးတွေကို စုစည်းထားတဲ့စာအုပ်လေးက ၂၀၁၀ခုနှစ်မှာ စာဖတ်သူအများဆုံးနဲ့ နံပါတ်၁ နေရာကို ဆွတ်ခူးခဲ့ပါတယ်။ ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
Popularity: 5% [?]






Hi
အကြောင်းအရာစုံကိုတင်ပေးထားလို့ ကျေးဇူးတင်ပါတယ်။
ကိုဝင်းဦးရဲ့ စာအုပ်လေးတွေကို တင်ပေးပါဦးဗျာ
မောင်လှမျိုးတို့ လွန်းထားထားတို့  ယဉ်ယဉ်လဲတို့ ရှိရင်တင်ပေးပါခင်ဗျာ
စာဖတ်ဝါသနာပါသူတွေ အတွက်တော့ တကယ်တန်ဖိုးရှိတဲ့ နေရာလေး တစ်ခုပါ။
ကျေးဇူးပါဗျာ
interesting this website
နန္ဒာသိန်းဇံရဲ. စာအုပ်လေးတွေကော တင်ပေးစေချင်ပါတယ်။သူရဲ.စာအုပ်တွေကိုဖတ်ကြည်.ချင်လို.ပါ။တင်ပေးရင်အရမ်းကောင်းးမယ်လို.ထင်ပါတယ်
မင်းသင်္ခရဲ့စာအုပ်လေးတွေများများတင်စေလိုပါတယ်Moe Thitsar
စာအုပ်တွေဖတ်ရတာ ကျေးဇူးအရမ်းတင်ပါတယ်။
မဂ္ဂဇင်း လေးတွေ အစုံမတင်နိုင်ရင်တောင် သူရဇ္ဇ မဂ္ဂဇင်းလေး
တအုပ်လောက်တော့ တင်ပေးနိုင်ရင် အတိုင်းထက် အလွန်ပါဘဲဗျာ။
ဘမောင်။
မင်းသားနာမည်တော့မသိဘူး
ကျားတွေခြသေ့င်္တွေနဲ့ တိုက်ခိုက်တာလေးတွေရှိရင် ပို့ ပေးပါဗျာ
ကျေးဇူးအထူးတင်ပါသည်
How can I lose weight fast, without taking any pills or drugs?. I’m concerned about my health. I’m very unhealthy and overweight. Its not so much what my body looks like, but more of how I feel and how my health is. My mother has diebeties, and if I’m going to keep myself from getting it, I need to lose weight. . Is there a fast way to lose weight?.