၂၀၀၉ ခုနှစ်ရဲ့ လူဖတ်အများဆုံး စာအုပ် (၁၀) အုပ်

အားလုံးပဲ .. မင်္ဂလာ ၂၀၁၀ နှစ်သစ်ပါ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လာတဲ့ အချိန်မှာ အရင်နှစ်က ဘာတွေဖြစ်ခဲ့တယ် ဘာလုပ်ခဲ့တယ်ဆိုတာကို ပြန်ပြီး ဆန်းစစ်လေ့လာကြပါတယ်။ ကျွန်တော်တို့ရဲ့ စာအုပ်စင်လေးမှာလည်း ၂၀၀၉ ခုနှစ် ကုန်တဲ့အချိန်ထိ ရှိသမျှစာအုပ်တွေထဲက လူဖတ်အများဆုံး စာအုပ်(၁၀)အုပ်ကို တင်ပေးလိုက်ပါတယ်။ အောက်ဖော်ပြပါ စာအုပ်လေးတွေကတော့ Scribd ရဲ့ စာရင်းဇယားအရ အများဆုံး ဖတ်ကြတဲ့ စာအုပ်တွေဖြစ်ပါတယ်။ ဒီနှစ်ဖို့ ကျွန်တော်တို့ရဲ့ စာဖတ်ပရိသတ်ကြီးက ဟာသ၀တ္တုတွေ တော်တော်ကြိုက်ပုံရတယ်။ Top Ten မှာ ငါးအုပ်က ဟာသ စာအုပ်တွေ။

၁၀. စိုးမြတ်သူဇာ – အနားသတ်သစ္စာ

ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်သူဇာရေးတဲ့ စာအုပ်လေးပါ။ ကျွန်တော် လည်းအဲဒီစာအုပ်လေး အားတဲ့ အချိန်ဖတ်ရအုန်းမယ်။ စာဖတ်သူဦးရေ – ၃၆၈၅

၉.  Gandhi An Autobiography The Story of My Experiments With Truth

ဒီစာအုပ်လေးကတော့ မနှစ်က နံပါတ် (၂) နေရာက စာအုပ်လေးဖြစ်ပါတယ်။ မြန်မာစာဖတ်ပရိသတ်တွေသာမကပဲ အခြားအခြားသော နေရာက စာဖတ်ပရိသတ်တွေပါ ဒီစာအုပ်လေးကို ဖတ်ကြတော့ ၂နှစ်ဆက်တိုက် topten ထဲပါလာ ပါတယ်။ အန္ဒိယရဲ့ လွတ်လပ်ရေးဖခင် ဂန္ဒီရဲ့  ဘ၀ဇာတ်ကြောင်းဖြစ်ပါတယ်။ ကျွန်တော်စာအုပ်စင်မှာရှိတဲ့ ရှားရှားပါးပါးရှိတဲ့ အင်္ဂလိပ်စာအုပ် အနည်းငယ်ထဲက တစ်ခြု့ဖစ်ပါတယ်။ စာဖတ်သူဦးရေ – ၃၇၂၆

၈. အဏာဝါစိုးမိုး – ဟီးဟီးဟားဟားမော်တော်ကား

ဆရာအဏာဝါစိုးမိုးက ကျွန်တော်တော်တော်ကြိုက်တဲ့ စာရေးဆရာတစ်ယောက်ပါ။ ငယ်ငယ်က ရယ်စရာမဂ္ဂဇင်းတွေဖတ်ရင် သူရဲ့ စာမူကို ပထမဆုံးလှန်ပြီး ဖတ်မိတဲ့ အထိ ကြိုက်ခဲ့တာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသတစ်ခုကို အသက်ဝင်အောင် ရေးနိုင်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပါတယ်။ (ကျွန်တော် ကွန်ပြူတာနဲ့ စာရိုက်တ အဏာဝါ ကို ဏကြီး နှစ်လုံးဆင့်ပြီးရိုက်လို့မရတဲ့ အတွက် ဒီအတိုင်းပေါင်းထားမိပါတယ်။ စာဖတ်သူဦးရေ – ၃၈၉၉

၇. ဂျူး – ရာဇ၀င်ထဲမှာမောင့်ကို ထားရစ်ခဲ့

ဆရာမဂျူးရဲ့ စာဖတ်ပရိသတ်ကတော့ တကယ်ကို များလွန်းလှပါတယ်။ ဒီစာအုပ်လေးက ၂၀၀၈ ခုနှစ်ကလည်း top ten စာရင်းထဲကို စာဖတ်သူဦးရေ ၆၄၀ နဲ့ နံပါတ် (၄) နေရာချိတ်ပါတယ်။ အခုဒီနှစ်လည်း စာဖတ်သူဦးရေ – ၄၁၃၃ နဲ့ နံပါတ်ခုနှစ်နေရာကို ရောက်လာခဲ့ပါတယ်။ နံပါတ်အရသာ အောက်ရောက်သွားတာပါ .. ဒါပေမယ့် စာဖတ်သူဦးရေကတော့ ၆ဆ ၇ဆ နီးပါးလောက်တိုးလားတာကို တွေ့ရပါတယ်။

၆. ကံချွန်ဒိုးဒိုးဒေါက်ဒေါက် ဟာသများ

ဒီနှစ်ထဲမှာ ကြွေလွင့်သွားတဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ စာရေးဆရာကံချွန်ရဲ့ စာအုပ်တော်တော်များများက ဒီနှစ် top ten list ထဲဝင်ခဲ့ပါတယ်။ စာဖတ်သူဦးရေ .. ၄၂၇၀

ကြော်ငြာဝင်လိုက်ပါအုန်းမယ်။ နံပါတ် ၁-၅ ဘယ်သူတွေ ရလဲဆိုတာ သိချင်ရင် read more ကိုနှိပ်ကြလေကုန်..။

၅. ကံချွန် – ကြားဖူးနားဝဟာသများ

နံပါတ် ငါးကတော့ ဆရာကံချွန်ရဲ့ နောက်ထပ် ဟာသစာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။ စာဖတ်သူ ဦးရေ – ၄၅၁၂

၎. ကံချွန် – ပေါ့ပေါ့ပါးပါး ဟာသ၀တ္တုတိုများ

လာပြန်ပြီး ခင်ဗျာ..။ နောက်ထပ်တစ်အုပ် ဆရာကံချွန်ပါပဲ။ စာဖတ်သူဦးရေ – ၅၂၈၉

၃. မြန်မာကျူးပစ်- ရယ်စရာမောစရာ နိုင်ငံတကာ ဟာသများ

မြန်မာကျူးပစ်ဒ်က ထုတ်ဝေလိုက်တဲ့ ရယ်စရာမောစရာ နိုင်ငံတကာဟာသများဆိုတဲ့ စာအုပ်လေးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဟာသလေးတွေကိုမှ ကြိုက်တဲ့ဆိုတဲ့ စာဖတ်ပရိသတ်တွေကို လက်တို့ပါရစေ။ စာဖတ်သူ ဦးရေ -၅၃၁၈

၂. ဒေါက်တာနန်းဥမ္မာ – က္ကထ္တိယနဲ့ ဆေးပညာ

ဒီစာအုပ်ကတော့ အရွယ်ယောက်တဲ့ မြန်မာအမျိုးသမီးတိုင်း ဖတ်သင့်တဲ့စာအုပ်စာအုပ်ပါ။ အမျိုးသမီးတို့ရဲ့ ခန္ဓာဗေဒ ပြောင်းလဲခြင်း သဘောတရားတွေ၊ အမျိုးသမီးရောဂါများ အကြောင်း၊ ကိုယ်ဝန်ဆောင်တွေဖို့ သိမှတ်စရာများ စသည့်ဖြင့် မြန်မာအမျိုးသမီး ကြီး၊ငယ်တွေဖို့ ဖတ်ကို ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။  စာဖတ်သူ – ၅၄၀၁

၁. ဂျူး ကျွန်မ၏သစ်ပင်

မယုံကြည်နိုင်စရာပါပဲ။ မနှစ်က စာဖတ်သူ ၄၄၂ ယောက်နဲ့ နံပါတ် ၇ နေရာကို ရခဲ့တဲ့ ဆရာမဂျူးရဲ့ စာအုပ်လေးဟာ ဒီနှစ်မှာတော့ စာဖတ်သူ ၅၈၅၅ နဲ့ နံပတ် ၁ နေရာကို ရရှိခဲ့ပါတယ်။ စာဖတ်သူဦးရည် အနည်းဆုံး ၁၃ဆ လောက်ပွားလာတာကို တွေ့ရမှာပါ။ ဆရာမ ဂျူးရဲ့ မှော်ဆန်တဲ့ အရေးအသားတွေကြောင့် နဲ့ စာဖတ်သူတွေကို ဒီလောက်ဖမ်းစားနိုင်ခဲ့တာ အံသြစရာပါပဲ။

———————

လေ့လာလိုသူများဖို့ ၂၀၀၈ ရဲ့ စာဖတ်သူအများဆုံး စာအုပ်ဆယ်အုပ် – CLICK HERE

၂၀၁၀ ခုနှစ်မှာ ပိုမိုကောင်းမွန်အောင် ၀န်ဆောင်မူပေးနိုင်ဖို့ ၂၀၀၉ခုနှစ်ဖို့ သင်ရဲ့ထင်မြင်ချက်လေးတွေ ဒီဆာဗေးမှာ ရေးပေးပါအုန်း

VN:F [1.9.1_1087]
Rating: 9.6/10 (8 votes cast)
VN:F [1.9.1_1087]
Rating: +1 (from 5 votes)
၂၀၀၉ ခုနှစ်ရဲ့ လူဖတ်အများဆုံး စာအုပ် (၁၀) အုပ်, 9.6 out of 10 based on 8 ratings

Popularity: 28% [?]

Related posts:

  1. ၀ိညာဉ်သစ် စာအုပ်စင်ရဲ့ ၂၀၀၈ ခုနှစ်ရဲ့ ဖတ်သူများဆုံးစာအုပ် ၁၀ အုပ်
Tags:

About the Author