
ကျွန်တော်စာအုပ်စင်လေးမှာ စာအုပ်တွေကလွဲပြီး ဘလောဂ့်ပိုစ်တွေတင်လေ့မရှိပါဘူး။ ဒါအပြင် ဒီဆိုဒ်လေးက နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ဆိုဒ်လဲမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံရေးကိုလုံးဝ စိတ်ဝင်စားခြင်းမရှိပေမယ့် ဒီတစ်ခါတော့ လွန်ပြီဗျာ။ ဘယ်လူမျိုးမှာမဆို.. ဘယ်အသိုင်းအ၀ိုင်းမှာမဆို.. အမျိုးသမီးတွေကို အမြဲတမ်းထောက်ထား ညှာတာကြတယ်ဗျာ။ ဒီအမျိုးသမီးက ဘယ်သူကိုမှလည်း ဒုက္ခပေးတာမဟုတ်ဘူး .. သူဘာသူနေတာကို ၀ိုင်းပြီး အနိုင်ကျင့်နေကြတယ်ဗျာ..။ လုတစ်ယောက် ဘယ်လောက်ပဲ ရှုတ်ညံနေပါစေ သူတို့မှာ အရှက်တရားတော့ရှိကြတယ်။ ခုဟာက … လူမပီသတော့ဘူးဗျာ..။ သူဘ၀ရဲ့ အချိန်တော်တော်များများက အဖိအနှိပ်ပဲခံနေခဲ့ရတယ်…။ အမှန်တိုင်း ၀န်ခံရရင် ကျွန်တော်မှာတောင်သူလိုလုပ်ဖို့ သတ္တိမရှိပါဘုး … သူလွတ်မြောက်ဖို့ ၀ိုင်းဝန်းဆုတောင်းပေးကြပါဗျာ…။ တတ်နိုင်တဲ့ လူတွေလည်း တတ်နိုင်သလို ဖိအားပေးကြပါဗျာ။ အမှန်တရားဘက်က မရပ်တည်ရဲတဲ့ တပ်မတော်သားတွေလည်း .. သူမရဲ့ ယုံကြည်ချက်နဲ့ အမှန်တရားကို လက်ခံနိုင်ပါစေဗျာ..။ လွတ်မြောက်ဖို့ ကိုယ်တတ်နိုင်သလောက်လေး ဆောင်ရွက်ပေးကြပါဗျာ။
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဂျပန်ကာတွန်းလေးပါ တင်ပေးလိုက်ပါတယ်.
Popularity: 3% [?]
No related posts.




လူတိုင်းလေးစားတဲ့ အမျိုးသမီးကြီးပါ။ ကျနော်လဲ နိုင်ငံေ၇း စိတ်မဝင်စားပေမဲ့ သူ့ကိုလေးစားတယ်၊သတ္တိကိုချီးကျုးတယ်။ သူမအဖေကို အရမ်းတန်ဖိုးထားတယ်။ ဖအေတူသမီးပါပဲဗျာ။
ခုလိုမျိုး အမှန်တရားကို သိတဲ့သူတွေက လည်း လက်ရှိ အတ္တကြီးတဲ့သူ တွေကို ကြောက်နေကြတာနဲ့ ဒီလိုမျိုးလေး လေသံတောင်မဟ ရဲကြပါဘူးဗျာ။ အလွန်ဆိုးဝါးတဲ့ အုပ်ချုပ်ရေးပါ။ဘယ်နိုင်ငံမှာ မှမတွေ့ဘူးပါဘူး။ ဒီလောက်အဖိနှိပ်ခံ နေကြရတာကို မကြေနပ်တဲ့ ကိစ္စကို ဘယ်သူကို တိုင်လို့ ဘယ်သူက အမှန်အတိုင်း ဆုံးဖြတ်ပေးကြမှာလည်းလို့  ။